သတင်းများ

ပေါင်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Nov 09,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က (အ.ထ.က) ဇင်းကျိုက် ရတနာမွန်ခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ အသိပညာပေးဟောပြောပွဲ ကွင်းဆင်း‌ဆောင်ရွက်
Nov 09,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲပိုင်းက စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိ‌စေရန် ရည်ရွယ်၍ ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် (အ.ထ.က) မြို့မကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ
Nov 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က (အ.ထ.က) မြို့မကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်ဇုန်(ဇုန်-၂)အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 09,2023
၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ရန်ကုန်ဇုန်(ဇုန်-၂)အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)(သင်္ဃန်းကျွန်း)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ သတင်းဗီဒီယို ရိုက်ကူးခြင်းနှင့်တည်းဖြတ်နည်းသင်တန်းဖွင့်လှစ်
Nov 09,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနကကြီးမှူး၍ ခရိုင်အတွင်းရှိ မြို့နယ်များမှဝန်ထမ်းများ၊ အရည်အသွေးမြင့်မားလာစေရန်နှင့် အရည်အသွေးရှိသော သတင်းဗီဒီယိုများ ပိုမိုရိုက်ကူးပေးပို့နိုင်ရန်ရည်ရွယ်ကာ သတင်းဗီဒီယိုရိုက်ကူးခြင်းနှင့် တည်းဖြတ်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ ဆင်းသုခစပါးမျိုး၊ မျိုးသန့်ထုတ်စပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
Nov 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဆင်းသုခစပါးမျိုး၊ မျိုးသန့်ထုတ်စပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲအချိန်က ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာတွင်ကျင်းပပြုလုပ်ခဲ့သည်။
သာယာဝတီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-သုံးဆယ်)၌ လူငယ်စကားဝိုင်းကျင်းပ
Nov 09,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလအစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်နှင့် လူအများရှေ့၌ပြောဆိုဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတိုပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက သာယာဝတီမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က- သုံးဆယ်)ပီမိုးနင်းခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တွံတေးမြို့နယ် အ.ထ.က (၁) တွံတေးကျောင်း၌ ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Nov 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၊ ပညာရေးစစ်ကြောင်းခေါင်းဆောင်၏ ကြီးကြပ်မှု​ဖြင့်​ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော ကျောင်းသား၊ လူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန် မြှားပစ်ပြိုင်ပွဲနှင့် အဝိုင်းလှည့်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝန်းရှိ ဘတ်စကတ်ဘောကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။