သတင်းများ

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်္ချာဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Nov 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့ နေ့လည်၁၂ နာရီ ၁၅မိနစ်အချိန်က သင်္ချာဉာဏ်စမ်းပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်များ လူဦးရေ (၁၄၄၉၄) ဦး ကောက်ယူပြီးစီး ရပ်ကွက်များအလိုက် ဆက်လက်ကွင်းဆင်းဆောင်ရွက်
Nov 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်း နေထိုင်သူများအား ဇီဝဆိုင်ရာ အချက်အလက်(Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ရပ်ကွက်များအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ နိုဝင်ဘာ(၉)ရက်နေ့ နံနက်(၉)နာရီက ဈေးကွက်သစ်ရပ်ကွက်တွင် ဒုတိယနေ့အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သာစည်မြို့နယ်တွင် သာစည်-သပြေဝကားလမ်းမှ ရွာပုလဲလေးလမ်းအား ကျောက်ချောလမ်း ပြုပြင်ခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Nov 09,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် သာစည်-သပြေဝကားလမ်းမှ ရွာပုလဲလေးလမ်းအား ကျောက်ချောလမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ပင်းတယမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ
Nov 09,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အမှတ် (၆) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး မြောင်းမြခရိုင်၌ တောင်သူအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်
Nov 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌  သီးနှံအာမခံ လုပ်ငန်းဆောင်ရွက်ရန် တောင်သူအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ၃၀ အချိန်ကပြုလုပ်ခဲ့သည်။
မြဝတီမြို အ.ထ.က(၃)၌ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော
Nov 09,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ၊ လူငယ်/လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် သိရှိစေရေးအတွက် ယနေ့နံနက် ၉ နာရီတွင် အမှတ်(၃၂) မူးယစ်တပ်ဖွဲ့စု(မြဝတီ)မှ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောသည်။
မိုးနဲမြို့နယ်၌ တစ်ပိုင်တစ်နိုင် မုန်လာပွင့် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေ ရရှိနေ
Nov 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဆည်မြောင်းကျေးရွာ၌ တစ်နိုင်တစ်ပိုင်  မုန်လာပွင့် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိနေကြောင်း တောင်သူဦး‌ဇော်ဝင်းမောင်ထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ၊ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်
Nov 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ၊ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် အဆိုပါရပ်ကွက်ရှိ ရွှေကြာရုံဓမ္မာရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးဘေးသင့်ပြည်သူများ တက်ရောက်ကြ သည်။