သတင်းများ

ကျိုက်ထိုမြို့ အ.ထ.က (၁) ၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကျင်းပ
Nov 09,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် စာပေချစ်သူများအသင်းတို့ပူးပေါင်း၍ လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ကျိုက်ထိုမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။
သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားမြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် အမျိုးသား‌ဘောလုံးပြိုင်ပွဲဆက်လက်ယှဉ်ပြိုင်
Nov 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊  ပဒေသာအားကစားကွင်း၌ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ၂၀၂၃ ခုနှစ်၊ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ယှဥ်ပြိုင်ကျင်းပခဲ့သည်။
ငွေဆောင်မြို့တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိ‌စေရေး အသိပညာပေးဟောပြောပွဲကျင်းပ
Nov 09,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂၀၁)အခြေခံ ပညာမူလ တန်းကျောင်းတွင်မြို့စည်ပင်သာယာရေး အဖွဲ့နှင့်ပညာရေးဌာနပူးပေါင်း၍ မြို့သန့်ရှင်း သာယာလှပရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး အတွက်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ်(၂)နာရီကပြုလုပ်ခဲ့သည်။
ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်
Nov 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်တွင် မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်နှင့်အောက် ဘောလုံးပွဲပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်း၌ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျိုက်ထိုမြို့နယ်၌ နွေစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် ဆောင်းနေကြာမျိုး‌စေ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Nov 09,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် နွေစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးရေး စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် ဆောင်းနေကြာမျိုး‌စေ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်တွင် မီးဘေးသင့်ခဲ့သည့် မိသားစုအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Nov 09,2023
ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်တွင် နေထိုင်သည့် ဦးကျော်ဌေးနေအိမ်၌ နိုဝင်ဘာ ၇ ရက်နေ့ နံနက် ၁၀နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ မီးဘေးသင့်ခဲ့သည့် မိသားစုအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများနှင့် ပစ္စည်းများကို ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ် အ.မ.က (နောင်ဖာ) ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Nov 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ မိုင်းဆတ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ လစဉ် နယ်လှည့်စာကြည့်တိုက်နှင့် အသိပညာပေးဟောပြောပွဲများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၁) နာရီအချိန်က အ.မ.က (နောင်ဖာ) ကျောင်းသို့ ကွင်းဆင်းကာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(ခွဲ)လ(၁၀)ကျောင်းတွင် စာကြည့်တိုက်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်
Nov 09,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(ခွဲ)လ(၁၀)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။