စလင်း ဒီဇင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဝင်များ၊ ပညာရေးဦးစီးဌာနမှ ဆရာ၊ဆရာမများကပူးပေါင်း၍ ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က. အဆိုပါ ကျောင်းရှိ(၃)ထပ်စာသင်ဆောင်တွင် အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HVP)နှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးများအား ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်မာမာဆွေ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်သင်းသင်းမွှေး ဦးဆောင်သော ကျန်းမာရေးဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ အခြေခံပညာအထက်တန်းတန်းကျောင်းရှိ ဆရာ၊ဆရာမများပူးပေါင်း၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HVP)နှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အတွင်းရှိ ကလေးငယ်များကိုလည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
(မောင်လွင်)စလင်း