နွားထိုးကြီးမြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Feb 14,2024
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။