သတင်းများ

တိုက်ကြီးမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး ရည်ရွယ်ကာ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၁ နာရီက တိုက်ကြီးမြို့ YBS ကားဂိတ်၊ သုံးဘီးဂိတ်များ၊ တာဂွကျေးရွာ၊ ပုတ္တကျေးရွာနှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်သည်။
(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့ အာဂုံပြန်ဆို
Dec 24,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့ အာဂုံပြန်ဆိုခြင်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက်ပြုလုပ်လျက်ရှိသည်။
ကမာရွတ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 24,2025
ရန်ကုန်တ်ုင်းဒေသကြီး ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်ဆန္ဒမဲပေးနိုင်ရန်နှင့် မိမိတို့ပါဝင်ဆောင်ရွက်ရမည့် အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို ဖြန့်ဝေလျက်ရှိရာ ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် (၁၀) နာရီ၌ အမှတ် (၂၆) ရပ်ကွက်ရှိပြည်သူများနှင့် ပြည်သူများ စည်ကားရာနေရာများတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှု (Campaign) များ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လူစည်ကားရာ‌နေရာများသို့ လှုံ့ဆော်မှု (Campaign) များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဘိုကလေးစျေးကားမှတ်တိုင်၊ အမှတ် (၇) ရပ်ကွက် (၄၂) လမ်း၊ ဘိုက​လေးစျေး (လဟာပြင်)၊ အမှတ် (၆) ရပ်ကွက် (၄၃) လမ်း စသည့် လူစည်ကားသည့် နေရာများရှိ လမ်းဘေးစျေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား ထုတ်ပေးလျက်ရှိ
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဉက္ကလာပမြို့နယ်၌ နိုင်ငံ့၀န်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း တောင်ဥက္ကလာပမြို့နယ်ရုံးတွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပ
Dec 24,2025
မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း တောင်ဥက္ကလာပမြို့နယ်မှ ကြီးမှူး၍ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၄) ရပ်ကွက်မြင်သာ ၁၁ လမ်းရှိ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း တောင်ဥက္ကလာပမြို့နယ်ရုံးတွင် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းအချိန်က (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲနှင့် စာဖတ်ဝိုင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော် ရွှေသင်္ကန်းကပ်လှူရန် စတုတ္ထအကြိမ် အလှူငွေပေးအပ်
Dec 24,2025
သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ စေတီတော်မြတ်ကြီးအား စတုတ္ထုအကြိမ် ရွှေသင်္ကန်းကပ်လှူရန်အတွက် စတုတ္ထအကြိမ်​ အလှူငွေပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီက ကျင်းပရာသြဝါဒဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊ လူမှုရေးရာဝန်ကြီးနှင့် ဖိတ်ကြားထားသည့် အလှုရှင်များ တက်ရောက်ခဲ့ကြသည်။