ပခုက္ကူမြို့၌ ပြည်သူများရေသုံးစွဲမှုအခက်အခဲမဖြစ်ပေါ်စေရေး အများသုံးရေတိုင်များနှင့် အိမ်သွယ်ရေတိုင်များသို့ ရေပေးဝေ

ပခုက္ကူ ဇွန် ၂၃

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများရေသုံးစွဲမှုအခက်အခဲမဖြစ်ပေါ်စေရေးရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနက အများသုံးရေတိုင်များနှင့်အိမ်သွယ်ရေတိုင်များသို့ ရေပေးဝေလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့နယ် ပေါင်လောင်ကန်ရွာအနီးရှိ ၁၃၂ကေဗွီမဟာဓာတ်အားလိုင်း(ညောင်ပင်ကြီး-ဗုဒ္ဓကုန်း) တိုင်အမှတ်(၃၃၈)အား PDF အဖွဲ့က ၁၉ ရက် ည ၇ နာရီခွဲအချိန်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် ပခုက္ကူ၊ ရေစကြို၊မြိုင်နှင့် ကမ္မမြို့များသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးလိုင်းများပြတ်တောက်သွားခဲ့‌သဖြင့် ပခုက္ကူမြို့ပေါ်ရပ်ကွက်နေပြည်သူများ ရေသုံးစွဲမှုအခက်အခဲမဖြစ်ပေါ်စေရေးရည်ရွယ်၍ အမှတ်၁၂ရပ်ကွက်ရှိ 100KVA မီးစက်ဖြင့် ရေလှောင်ကန်၂သို့မောင်းနှင်ပြီး အမှတ် ၂၊ ၄၊ ၅၊ ၆ ရပ်ကွက်များတွင်ရှိသော အများသုံးရေတိုင်များနှင့် အိမ်သွယ်ရေတိုင်များထံ ရေပေးဝေလျက်ရှိကြောင်း၊ ပြည်သူများ လျှပ်စစ်မီးအမြန်ဆုံးရရှိသုံးစွဲနိုင်ရေး မိုင်းထောင်ဖောက်ခွဲမှုကြောင့်ကျိုးကျပျက်စီးခဲ့သည့်နေ့ရာသို့ နယ်မြေလုံခြုံရေးအဖွဲ့များနှင့်အတူ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများနှင့်တာဝန်ရှိသူများသွားရောက်၍ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)