မင်းလှမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) လက်တွေ့ကိုင်တွယ် စမ်းသပ်စစ်ဆေး
Dec 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင် မဲရုံများ၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် ထိန်းချုပ်စက်ကိုင်တွယ်မည့် ဆရာ/ဆရာမများအား အီလက်ထရောနစ်မဲပေးစက် လက်တွေ့ကိုင်တွယ်စမ်းသပ်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မင်းလှမြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။