လိပ်သိုဒေသထွက် မင်းကွတ်သီးများ ဈေးကောင်းရရှိ
Jul 23,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများပြီး အေးမြစိုစွတ်သော တောင်ပေါ်ဒေသဖြစ်သောကြောင့် ဥယျာဉ်ခြံသီးနှံပင်များအပြင် နှစ်ရှည်ပင်တစ်မျိုးဖြစ်သော မင်းကွတ်ပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြရာ မင်းကွတ်သီးများ ဆွတ်ခူးရောင်းချချိန်၌ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။