သတင်းများ

အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဆိတ်ပလိပ်ရောဂါ(PPR)စူးစမ်းထောက်လှမ်းခြင်းနှင့် ဆိတ်ပလိပ်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဆောင်ရွက်
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာများ၌ဆိတ်ပလိပ်ရောဂါ (PPR) စူးစမ်းထောက်လှမ်းခြင်းနှင့် ဆိတ်ပလိပ် ရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇူလိုင် ၂၃ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်၌ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 23,2026
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်၌ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။
တံတားဦးမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်လှစ်
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေရေးရာဝန်ကြီးဌာန ၏လမ်းညွှန်မှုဖြင့် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမတွင် ကျင်းပကြောင်းသိရသည်။
တံတားဦးမြို့နယ် ကျေးရွာမြေငှားဂရန်ချထားပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ကန်ချောကျေးရွာအုပ်စု ရွှေပေါ်ကျွန်းကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများအား  ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေးကို ဇူလိုင် ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲက  အဆိုပါကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ကြောင်းသိရသည်။
ကျိုင်းတုံမြို့၌ နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် လူမှုထူးချွန် (ပထမဆင့်) ရရှိသော ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များ ချီးမြှင့်ပေးအပ်
Jul 23,2026
ကျိုင်းတုံမြို့၌ နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်သည့် လူမှုထူးချွန် (ပထမဆင့်) ရရှိသော ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပွဲကို ဇူလိုင် ၂၂ ရက်က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
သံတောင်ကြီးမြို့တွင် နိုင်ငံသားစိစစ်ကတ်ပြားနှင့် UID ကတ်ပြားကွင်းဆင်းဆောင်ရွက်
Jul 23,2026
ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ကတ်ပြားနှင့် UID ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကိုယမန်နေ့နံနက် ၉ နာရီက သံတောင်ကြီးမြို့ အခြခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ကျင်းပ
Jul 23,2026
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေကိုလေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့နယ်၌ အောင်စံပယ်ရွှေဆိုင်တွင် ဓားပြလူသတ်မှုကျူးလွန်သည့် တရားခံများအား ပြစ်ဒဏ်များ ချမှတ်
Jul 23,2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် နို၀င်ဘာလ ၁၂ ရက်နေ့က အောင်စံပယ်ရွှေဆိုင်သို့ အမျိုးသားနှစ်ဦးရောက်ရှိလာကာ ဆိုင်အတွင်းရှိ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်၍ လုံခြုံရေး၀န်ထမ်းဖြစ်သူ ဦးစိန်၀င်းအား သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေးသွားစဉ် အနီးနားရှိပြည်သူများမှ ဝိုင်း၀န်းဖမ်းဆီးပေးခဲ့သည်။