သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဟိုပုံးမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပအိုဝ်းရိုးရာအမျိုးသမီးဝတ်စုံ စက်ချုပ်(မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
Jul 22,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်း ပအိုဝ်းရိုးရာအမျိုးသမီးဝတ်စုံ စက်ချုပ်နည်းပညာ(မွမ်းမံ)သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သက်ငယ်မုဒိမ်းမှု ကာကွယ် စောင့်ရှောက်‌ရေး အသိပညာပေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 22,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၈)ရပ်ကွက် လှိုင်ထိပ်ခေါင်တင်လမ်း၊ အမှတ်(၁၈) အခြေခံပညာမူလတန်းကျောင်းတွင် ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သက်ငယ်မုဒိမ်းမှု ကာကွယ်စောင့်ရှောက်‌ရေးအသိပညာပေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။
နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 22,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နည်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် (အမျိုးသား၊အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Jul 22,2026
၂၀၂၆ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် (အမျိုးသား၊အမျိုးသမီး) ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံ မြို့နယ်ရှိ ဗထူး အားကစားခန်းမတွင် ကျင်းပသည်။
ဒေးဒရဲမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ကျုံမှော်)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေး၊ ပြည်သူ့စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက ကျုံမှော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစား ဝန်ထမ်းများအား အခမဲ့ ဆေးကုသပေး
Jul 22,2026
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါများ စစ်ဆေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေး ကြောကျဉ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်
Jul 22,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၊ ရိပ်သာဆောင်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲ ကျင်းပ
Jul 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရေးအတွက် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။