သတင်းများ

စစ်ကိုင်းမြို့တွင် ဝါစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Jul 22,2026
စစ်ကိုင်းခရိုင်၊ မြို့နယ်စိုက်ပျိုးတိုးမြှင့်ရေး ညှိနှိုင်းတိုးမြှင့်ရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ ဝါစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနံက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။
လပွတ္တာခရိုင်အတွင်းရှိ ဒေသခံပြည်သူများ မြို့မိမြို့ဖများနှင့် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တွေ့ဆုံပွဲကျင်းပ
Jul 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လပွတ္တာခရိုင်အတွင်းရှိ ဒေသခံပြည်သူများ မြို့မိမြို့ဖများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လွှတ်‌တော်ကိုယ်စားလှယ်များ လပွတ္တာခရိုင်အတွင်းရှိ (၂) မြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်အများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ) ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
ဖျာပုံမြို့၌ ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြသဆောင်ရွက်
Jul 22,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ငလျင်အန္တရာယ်ဖြစ်ပေါ်လာပါက ငလျင်ကြောင့်ဆုံးရှုံးမှုများအား လျှော့ချရန်၊ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများ၊ အင်အားပြင်း ငလျင်တစ်ခုဖြစ်ပွားလာပါက ငလျင်မလှုပ်မီ၊ လှုပ်နေစဉ်နှင့် လှုပ်ပြီးသည့်အချိန်များမှာ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များမှ သတ်မှတ်နိုင်ရန်နဲ့ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်၊ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြသဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့ အထက (၂)ကျောင်းတွင် ဆောင်ရွက်ကြသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)နှင့် စက်ရုံ/အလုပ်ရုံ၊ MSME လုပ်ငန်းရှင်များတွေ့ဆုံ ဆွေးနွေးပွဲကျင်းပ
Jul 22,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)၌ ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး၊ နည်းပညာပိုင်းဆိုင်ရာ တိုးတက်ပြန့်ပွားစေရေးနှင့် MSME လုပ်ငန်းများတိုးတက်ကောင်းမွန်စေရေးတို့အတွက်ရည်ရွယ်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)နှင့်စက်ရုံ/အလုပ်ရုံ၊ MSME လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘဝနတ်ထံပျံလွန်တော်မူသွားသော နိုင်ငံတော်ဩဝါဒါစရိယ၊ မိုးကောင်းတိုက်၊ ဇယဝတီ ကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနာဘိဝံသ သက်တော် (၉၀) နှစ်၊ သိက္ခာတော် (၇၀) ဝါရှိ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် သွားရော
Jul 22,2026
ဘဝနတ်ထံပျံလွန်တော်မူသွားသော နိုင်ငံတော်ဩဝါဒါစရိယ၊ မိုးကောင်းတိုက်၊ ဇယဝတီကျောင်း ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနာဘိဝံသ သက်တော်(၉၀)နှစ် သိက္ခာတော်(၇၀)ဝါရှိ မဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ် ကလာပ်တော်အား ဇူလိုင် ၂၁ ရက်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းအောင်ကြည်တို့သည် သွားရောက်ဖူးမြော်ကြသည်။
ချမ်းအေးသာစံမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်
Jul 22,2026
ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပညာရေးစာပေ တိုးတက်စေရန်သာမက အသိပညာဗဟုသုတများစွာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်ကာ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်းတို့ကို အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်
Jul 22,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေနံနက် ၉ နာရီက အ.လ.က (ခွဲ) ပန်းတင်(၁) ကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၆ ခုနှစ်၊ မိုးရာသီပန်းအလှပင်စိုက်ပျိုးပွဲ ‎အခမ်းအနားသို့ တက်ရောက်
Jul 22,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ပုန်းတလုတ်ရေကန် အနောက်ဘက်တွင် ပင်းတယမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီပုန်းတလုတ်ရေကန်ဘောင်ပတ်လည် ပန်းအလှပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပသည်။