သတင်းများ

ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က (၂၀၂၅- ၂၀၂၆) ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး
Oct 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ၂၀၂၅ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ယနေ့နံနက်ပိုင်းက စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့၌  (၅၃)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာ ဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Oct 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌  (၅၃)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို  အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီခွဲက သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယုဇနအလင်းတန်းစာကြည့်တိုက်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပညာဒါနသင်တန်းခန်းမဖွင့်ပွဲ ကျင်းပ
Oct 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှတ်(၉၄)ရပ်ကွက် အိမ်ရာစီမံခန့်ခွဲရေးကော်မတီ၏ မတည်ရန်ပုံငွေနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေဖြင့် တည်ဆောက်သည့် ယုဇနအလင်းတန်းစာကြည့်တိုက်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပညာဒါနသင်တန်းခန်းမဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်
Oct 29,2025
စစ်ကိုင်းတိုင်းဒေသကြီး‌ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ယမန်နေ့နံနက် (၉)နာရီအချိန်တွင် ရွှေဘိုမြို့နယ်အတွင်းရှိ ဈေးများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Oct 29,2025
လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများပပျောက်ရေး အသိညာပေး ဟောပြောပွဲ တာမွေမြို့နယ်၌ကျင်းပ
Oct 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်အတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများပပျောက်ရေး အသိညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ပိုင်းအချိန်က သင်္ဃန်းကျွန်းခရိုင်လူမှု ဝန်ထမ်းရုံး၏ စီစဉ်မှုဖြင့်ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ
Oct 29,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို အောက်တိုဘာ ၂၉ ရက်၊ နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောကာ မီးငြှိမ်းသတ်ရေးသရုပ်ပြ
Oct 29,2025
မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနမှ   ယနေ့နံနက် ၉ နာရီ၃၀မိနစ်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊  ဆရာစံလမ်းရွာသာကြီးစက်မှုဇုန်ရှိ  Myanmar Handsome အထည်ချုပ်စက်ရုံမှ ဝန်ထမ်း (၃၀၀) ဦးအား အသိပညာပေး ဟောပြောခြင်းနှင့်အတူ မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ကြကြောင်းသိရသည်။