တောင်တွင်းကြီး ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၌ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှ ကွန်ကရစ်လမ်းခင်းခြင်း(၈၈၀ပေx ၁၀ပေx ၆လက္မ)ပြီးစီးမှုဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျေးရွာသစ်လှုပ်ရှားမှုစံပြကျေးရွာ ကံပေးကျေးရွာတွင်ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်သိန်း၊ ဦးလွှမ်းမိုးထက်၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးအေး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးလက်နေပြည်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကျေးရွာရှိပြည်သူများ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်တတ်မှု စိတ်ဓာတ်ရှိကြောင်းတွေ့မြင်ရသဖြင့် ဝမ်းသာပါကြောင်းနှင့် လမ်းများအားရေရှည်ထိန်းသိမ်းရန်နှင့် ရေမြောင်းများဆက်လက်ပြုလုပ်ရန်မှာကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုစားလှယ်များမှ ကျေးရွာဖွံ့ဖြိုးမှုပိုမိုကောင်းမွန်ရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ပြည်သူများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာသစ်လှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဦးမှ လူမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအနေဖြင့် မတည်ငွေကျပ် ၁၅၉သိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းစတင်ခဲ့ပြီး ကျေးရွာပြည်သူများမှထည့်ဝင်လှူဒါန်းငွေကျပ် ၁၄၁ သိန်း စုစုပေါင်း ငွေကျပ် ၃၀၀ သိန်းဖြင့် (၈၈၀ပေx ၁၀ပေx ၆လက္မ)ရှိကွန်ကရစ်လမ်းအားပြီးစီးခဲ့ပြီး ရေနုတ်မြောင်းပါ တံတားတစ်ခုကိုဆောာင်ရွက်နိုင်ခဲ့သည့်အတွက် အထူးဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း ပြောကြား၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဦးမျိုး(ဗိဿနိုးမြေ)