သတင်းများ

မဟာအောင်မြေမြို့နယ်တွင် တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာ
Dec 24,2025
‎‎မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့်မဲစာရင်းပါရှိရေး တတိယအကြိမ် မဲစာရင်းကပ်ထား‌ကြေညာထားသည့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မိမိမဲစာရင်းပါရှိရေး စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
လိပ်သိုဒေသတွင် ရိုဘတ်စတာ (ROBUSTA) ကော်ဖီသီးများ ဈေးကောင်းရရှိ
Dec 24,2025
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ အာရေဗီးကားနှင့် ရိုဘတ်စတာ ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ ရိုဘတ်စတာ (ROBUSTA) ကော်ဖီသီးများ (ဒေသအခေါ် ကော်ဖီအသေးများ)မှာ ဆွတ်ခူးရောင်းချချိန် စျေးကောင်းရရှိနေကြောင်း သိရသည်။
အလုံခရိုင်၊ အလုံမြို့နယ်တွင် ဒို့အတူတူမဲပေးကြမယ်ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကမ်ပိန်းပြုလုပ်
Dec 24,2025
အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ သခင်မြပန်းခြံ၊ ကမ်းနားလမ်းနှင့် သခင်မြပန်းခြံလမ်းတစ်လျှောက်ရှိ YBS ယာဥ်လိုင်းဂိတ်များတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအား နိုင်ငံသူ/နိုင်ငံသား အားလုံးပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ်ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကမ်ပိန်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်၌ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးလူနေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန် ထောက်ပံ့ငွေပေးအပ်
Dec 24,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့် နေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံငွေများပေးအပ်ပွဲကို ရန်အောင်မြင်ရပ်ကွက် မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ‌စာဖတ်ဝိုင်း၊ ဟောပြောပွဲနှင့်ပြပွဲများ ကျင်းပ
Dec 24,2025
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်း၊ ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပခဲ့သည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ကျေးလက်လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ
Dec 24,2025
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ကျပ်( ၃၈ ဒသမ ၉၈)သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြင်ဦးလွင်- ချောင်းကွေ့-ပန်းဦးတောင်ကျေးရွာချင်း ဆက်လမ်း အရှည်  ၀/၃.၅ မိုင်၊ အကျယ် ၁၈ ပေ၊ ဒု သုံးလက်မ) နှင့် စည်သာ-စည်ကား-တွင်းငယ်ကျေးရွာချင်း ဆက်လမ်း ဂျင်းလမ်းခင်းပြုပြင်ခြင်းလုပ်ငန်း အရှည် ၀/၃.၅ မိုင်၊  အကျယ် ၁၈ ပေ၊ ဒုသုံး လက်မ) ဆောင်ရွက်နေမှုနှင့် ပြည်ထောင်စုလမ်း ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ်( ၁၉ ဒသမ ၆၅) သန်းဖြင့် ဆောင်ရွက်လျက်ရှိသော အုတ်ဖို-ပန်းဦးတောင်-ကုန်းကော်ကျေးရွာချင်းဆက်လမ်း ဂျင်းခင်း ပြုပြင်ခြင်း လုပ်ငန်း အရှည်  ၀/၃.၅ မိုင်၊ အကျယ် ၁၈ ပေ၊ ဒုလက်မ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းအရည်အသွေး ကောင်းမွန်စေရေးအတွက် စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် ဒို့အတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲ လှုံ့ဆော်ရေး ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်ရှိ ဆူးလေဘုရားလမ်း၊ ဆူးလေမှတ်တိုင်၌ ဖြန့်ဝေခဲ့ကြသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့် ဆက်လက်ဖြန့်ဝေလျက်ရှိ
Dec 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေးအစီအစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့သည်။