ဇေယျာသီရိ ဇူလိုင် ၂၃
ဇေယျာသီရိမြို့နယ် ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းအား ထွန်ယက်စရိတ်နှင့်သွင်းအားစုပေးအပ်ပွဲကို ဇူလိုင် ၂၁ ရက်နေ့ မွန်းလွဲပိုင်းက စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပခဲ့သည်။
အောင်နိုင်သစ္စာ(အောင်သဇင်သမဝါယမအသင်းမှ) ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာ ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တစ်စပ်တစ်ဆက်တည်း မိုးစပါးစိုက်ပျိုးသော တောင်သူ ၄၆ ဦး၊ စိုက်ဧက ၁၅၀ အတွက် ထွန်ယက်စရိတ်နှင့် သွင်းအားစုများအားပေးအပ်ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)