ချောက် ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ စက်သုံးဆီရောင်းချမှုနှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၄နာရီအချိန်က ချောက်မြို့ ပေါ်ရှိ သုခအောင်-၂၊ လဝန်းသာ၊ဝင်းမော်၊ Denko စက်သုံးဆီ အရောင်းဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် ဌာဆိုင်ရာတာဝန်ရှိသူပူးပေါင်းအဖွဲ့က စက်သုံးဆီအရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ စနစ်တကျရောင်းချစေရေး၊ သတ်မှတ်ထားသည့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများထား ရှိခြင်းရှိ/ မရှိ၊ မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်မှုရှိ/မရှိ၊ ရေသိုလှောင်ကန်များ၌ ရေများဖြည့်တင်းထားရှိမှုရှိစေရေးနှင့် ပလတ်စတစ်ပုံးများဖြင့် စက်သုံးဆီရောင်းချမှုမရှိစေရေး တို့ ကိုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)