မိုင်းဆတ်မြို့၊ အ.ထ.ကခွဲ(အ.လ.က-၁) ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

မိုင်းဆတ် ဇူလိုင် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(အ.လ.က-၁)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို  ယမန်နေ့နံနက်၉ နာရီက အဆိုပါ ကျောင်းခန်းမဆောင်တွင် ကျင်းပသည်။

ဦးစွာ ကျောင်းသား/ကျောင်း‌သူများက "တို့ကျောင်းတော်" သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာလွင်တို့က အမှာစကားပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးရီက ကျေးဇူးတင်စကားနှင့်  ပညာသင်ကြားနေမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade-12 နှင့် Grade-5 တွင် ကျောင်းသား/ကျောင်းသူများအား ထူးချွန်စွာအောင်မြင်အောင်သင်ကြားပေးခဲ့သော ဆရာဆရာမများ၊ Grade 12 နှင့် အတန်းအလိုက် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်ရာ ကျောင်းသား/ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)