ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီ အစည်းအဝေးသို့ တက်ရောက်
Jul 22,2026
ချင်းပြည်နယ်လူငယ်ရေးရာကော်မတီ အစည်းအဝေးကို ဇူလိုင်လ ၂၁ ရက် မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောလင်းနှင့် ချင်းပြည်နယ်လူငယ်ရေးရာကော်မတီဝင်များဖြစ်ကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။