လက်ပံတန်းမြို့နယ်၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုပြိုင်ပွဲများကျင်းပ
Oct 30,2025
အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာ ဗဟုသုတများတိုးပွားရရှိစေမည့်စာအုပ်စာပေများကို ဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ချက်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် မြို့နယ်ပညာရေးမှူး ရုံးခန်းမနှင့် အထက(၁) ကျောင်းတို့၌ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတို့ ကျင်းပပြုလုပ်ခဲ့သည်။