မင်္ဂလာဒုံမြို့နယ်တွင် ပညာဒါန အခမဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားပေး
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သပြေညိုမင်္ဂလာခန်းမတွင် သပြေညိုပညာဒါန အကျိုးဆောင်အသင်းမှဦးစီး၍ ကလေးများအတွက် နွေရာသီအခြေခံကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ မင်္ဂလာဒုံမြို့နယ် စာရေးဆရာအသင်းနှင့် ပူးပေါင်း၍ စာဖတ်စွမ်းရည်မြင့်တင်ရေးသင်တန်း၊ ပန်းချီသင်တန်းတို့ကို မတ်လ(၆)ရက်နေ့ နံနက်၉နာရီမှစ၍ ဖွင့်လှစ်သင်ကြား ပို့ချပေးလျက်ရှိသည်။