သတင်းများ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် တွေ့ဆုံ
Mar 10,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများ၏ အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် တွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် မတ်လ ၈ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။
ကျောက်ပန်းတောင်းမြို့နယ်ရှိ စာစစ်ဌာနများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Mar 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများနှင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို၊ မတ်လ ၈ ရက်နေ့ နံနက် (၁၁:၅၀) နာရီက ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်အဆင့် တာဝန်ရှိသူများသည်၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် မြို့နယ်တာဝန်ရှိသူများ လိုက်ပါလျက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် တွေ့ဆုံ
Mar 10,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများနှင့် လုပ်ငန်းများ၏ အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့နှင့် တွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမတွင် မတ်လ ၈ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။
မန္တလေးတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား မြို့တော်ခန်းမတွင် ကျင်းပ
Mar 10,2024
၂၀၂၄ ခုနှစ် မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှိ  မြို့တော်ခန်းမတွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊  တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း၊ ဖိတ်ကြားထားသည့် အသင်း/အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မိုက်ခရို-နာနိုချစ်ပ်များအား အခြေခံ၍ တိုင်းရင်းဆေးဝါးများအား Omics နည်းပညာဖြင့် ခွဲခြားစိတ်ဖြာခြင်းနှင့် ရောဂါကာကွယ်ကုသနိုင်စွမ်းအားလေ့လာခြင့် သုတေသနစီမံကိန်း အစည်းအဝေးကျင်းပ
Mar 09,2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန  ဇီဝနည်းပညာသုတေသနဦးစီးဌာန(ကျောက်ဆည်)တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် ၂၀၂၃ခုနှစ်၌ မိရိုးဖလာတိုင်းရင်းဆေးပညာမှ သိပ္ပံနည်းကျ တိုင်းရင်းဆေးပညာကဏ္ဍသို့ ဖွံ့ဖြိုးတိုးတက်လာစေရန် ခေတ်မီနောက်ဆုံးပေါ် နည်းပညာများဖြစ်သည့် Omics နည်းပညာအား အသုံးချ၍ ရောဂါရှာဖွေရန်နှင့် ဆေးဖက်ဝင်ဂုဏ်သတ္တိများအား တိကျမှန်ကန်စွာ ခွဲခြားစိတ်ဖြာနိုင်ရေး
ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Mar 09,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများ၏ အရည်အသွေးနှင့်စွမ်းဆောင်ရည် မြင့်မားစေရန်ရည်ရွယ်၍ ဝန်ထမ်းစာဖတ်ဝိုင်းကို လစဉ်ကျင်းပလျက်ရှိရာ ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က အဆိုပါရုံးရှိလူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် “စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်” စာအုပ် ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် စာစစ်ဌာနများ၏ ပြင်ဆင်ထားရှိမှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Mar 09,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် ဖွင့်လှစ်ပေးသွားမည့် စာစစ်ဌာနများ၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ကြစေရန်အတွက်၊ ပြင်ဆင်ထားရှိမှု အခြေအနေများကို၊ မတ်လ(၈)ရက်နေ့ နံနက်(၉:၃၀)နာရီက ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်အဆင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် မြို့နယ်အဆင့် တာဝန် ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မိတ္ထီလာမြို့နယ်တွင် လုပ်ငန်းခွင်ပြင်ပ ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့် ထုတ်ပေး
Mar 09,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ လုပ်ငန်း ခွင်ပြင်ပ ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ဥယျာဉ်ကျေးရွာရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံမှ အာမခံအလုပ်သမား ဦးဖိုးတလုပ်၏ နေအိမ်တွင် ပေးအပ်ခဲ့ကြောင်း သိရသည်။