ကျောင်းကုန်း မတ် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ ၂၀၂၄ ခုနှစ် Grade 12 (ဒွါဒသမတန်း) တက္ကသိုလ်ဝင်စာမေးပွဲကြီးကို မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့ အထိကျင်းပမည်ဖြစ်ရာ ကျောင်း သား/ကျောင်းသူ (၇၉၆)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။
ကျောင်းကုန်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ အ.ထ.က(၁)၌ ကျား (၅၄)မ(၈၀)ပေါင်း(၁၃၄)ဦး၊ အ.ထ.က(၂)၌ ကျား(၃၃)မ(၆၇)ပေါင်း(၁၀၀)ဦး၊ အ.ထ.က ဒေါင့်ကြီး၌ ကျား(၃၅)မ(၆၃) ပေါင်း(၉၈)ဦး၊ အ.ထ. က အစုကြီး၌ ကျား(၃၁)မ(၄၃) ပေါင်း(၇၄)ဦး၊ အ.ထ.က ဂုန်မင်း၌ ကျား(၆)မ(၁၇)ပေါင်း(၂၃)ဦး၊ အ.ထ.က တံခွန်တိုင်၌ ကျား(၃၀)မ(၄၉) ပေါင်း(၇၉)ဦး အ.ထ. က ချောင်ကြီး၌ ကျား(၂၃)မ(၃၆)ပေါင်း (၅၉)ဦး၊ အ.ထ.က ဝက်ခြံဂရက်၌ ကျား(၂၆)၊မ(၁၈)ပေါင်း (၄၄)ဦး၊ အ.ထ.က လှည်းဆိပ်၌ ကျား(၁၁)မ(၂၂) ပေါင်း(၃၃)ဦး၊အ.ထ.က ပေါက်ဆိန်ပဲ့၌ ကျား(၃)မ( ၁၁)ပေါင်း (၁၄)ဦးနှင့် အ.ထ.က(ခွဲ)အောက်ပိုင်း၌ ကျား(၅၅) မ (၁၀၁) ပေါင်း(၁၅၆)ဦး၊ စာရင်းရှိသူ (၈၁၄)ဦးအနက် ကဒ်ထုတ်ရန်ပျက်ကွက်သူ(၁၈)ဦးရှိသဖြင့် (၇၉၆)ဦးတို့သည် စာစစ်ဌာ န(၁၁)၌ ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)