သတင်းများ

ငွေဆောင်မြို့မီးဘေးလုံခြုံရေးအဖွဲ့မှ အ.ထ.က (ငွေဆောင်) စာစစ်ဌာန မီးဘေးလုံခြုံစေရေးကွင်းဆင်းစစ်ဆေး
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အ.ထ.က (ငွေဆောင်) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေစဥ်အတွင်း မီးဘေးလုံခြုံစေရေးအတွက် မြို့မီးဘေး လုံခြုံရေးအဖွဲ့မှ ယမန်နေ့ နံနက် (၉) နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၃၀၃)ဦးဝင်ရောက်ဖြေဆိုမည်
Mar 08,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲကို အ.ထ.က(နတ်တလင်း)စာစစ်ဌာနနှင့် အ.ထ.က(တာပွန်)စာစစ်ဌာနတို့တွင် ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀၃)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးလုံခြုံရေး စစ်ဆေး
Mar 08,2024
၂၀၂၄ခုနှစ် မတ်လအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများတွင် မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပေါ်စေရေးအတွက် ကျုံပျော်ခရိုင်ရေကြည်မြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ မတ် လ(၇)ရက် နံနက် (၁၀)နာရီခွဲအချိန်က တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းမြေပဲအထွက်နှုန်း တိုးတက်ရေးအတွက် ယူရီးယားနှင့် လက်ချားသုံးစွဲနည်းပညာပေးကွင်းသရုပ်ပြပွဲကျင်းပ
Mar 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဆောင်းမြေပဲအထွက်နှုန်းတိုး ကုန်ကျစရိတ်သက်သာသည့် ယူရီးယားနှင့် လက်ချားသုံးစွဲ နည်းပညာ ပေးကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၇) နာရီက ဟုမ္မလင်းရပ်ကွက်၊ ချင်းတွင်းမြစ် ကမ်းဘေးမြေပဲစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာအခမ်းအနားတွင် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးမိုးမင်းက ဆောင်းမြေပဲတွင်ယူရီးယားနှင့် လက်ချားအသုံးပြုနည်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အုတ်တွင်းမြို့နယ်၌ အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Mar 08,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်း အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက စျေးရပ်ကွက်ရှိမိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ မကျီးဇင်ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆွေးနွေးခဲ့ကြကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ များအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
သံဖြူဇရပ်၌ ပြည်သူများအား သတင်းတု၊ သတင်းမှား ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်
Mar 08,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ အင်တာနက်ပေါ်တွင် သတင်းတု သတင်းမှားများနှင့် မဖွယ်မရာများ တင်ခြင်း၊ နိုင်ငံရေးအရ တိုက်ခိုက်‌ ပြောဆိုခြင်းများ ပြုလုပ်ပါက တည်ဆဲ ဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံ့ခိုင်ရေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။
ရေနံချောင်းမြို့နယ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံအားကစားနည်းသင်တန်းများ ဖွင့်လှစ်
Mar 08,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးကော်မတီ၊ မြို့နယ်အားကစားဆပ်ကော်မတီနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံအားကစားနည်းသင်တန်းများကို ယခုလ ၅ ရက်နေ့ကစတင်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။