ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Mar 10,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ထိရောက်လျင်မြန်စွာ တုံံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပြည်သူ့ဈေး၌ ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံအောင်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးလောင်မှုဖြစ်ပွားလာပါက မီးငြိမ်းသတ်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရုတ်တရက်မီးလောင်မှုဖြစ်ပွားလျှင် အရေးပေါ်ထားရှိသည့် မီးသတ်ဆေးဘူး၊ ပေါင်ဒါမှုန့်နှင့် ရေစိုအဝတ်အသုံးပြုနည်းတို့ကို ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။