ကျောင်းကုန်းမြို့တွင် (၄၂)ကြိမ်မြောက် ကျောင်းကုန်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာ့ နုဂ္ဂဟစာမေးပွဲကြီး ဒုတိယနေ့ဖြေဆို

ကျောင်းကုန်း မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ မိုဃ်းကောင်းဘုရားကြီးတွင် မြို့နယ်သံဃနာယကဆရာတော်ကြီးများ ကြီးမှူးကျင်းပသော (၄၂)ကြိမ်မြောက် ကျောင်းကုန်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာမေးပွဲကြီး ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ဖြေဆိုခဲ့ကြပြီး နေ့လယ် ၃ နာရီအချိန်အထိ ဖြေဆိုကြရ မည်ဖြစ်သည်။

ပရိယတ္တိသာသနာ့နုဂ္ဂဟစာမေးပွဲသို့ ပထမကြီးတန်း၌ ရဟန်း(၂)ပါး၊ ပထမလတ်တန်း၌ ရှင်သာမဏေ(၂)ပါး၊ ပထမငယ်တန်း၌ ရှင်သာမဏေ(၂၆)ပါး၊ အခြေပြုမူလတန်း၌ ရှင်သာ မဏေ (၇၆)ပါးနှင့် သီလရှင်(၉)ပါး၊ စုစု ပေါင်း(၁၁၅)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ အဆိုပါ စာမေးပွဲဖြေဆိုနေကြသော ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင်တို့အား အမှတ်(၁) ရပ်ကွက်နေ ဦးကျော်သန်း မိသားစုမှ အချိုရည်များ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)