ရွှေပြည်သာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ(၈၂၅)ဦး ဝင်ရောက်ဖြေဆိုမည်

ရွှေပြည်သာ မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၂)ခုဖွင့်လှစ်၍ကျင်းပမည်ဖြစ်ပြီး ကျောင်းသား/သူစုစုပေါင်း(၈၂၅)ဦးဝင်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေပြည်သာမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် အတွင်းဖြေ ကျား(၁၅၈)ဦး၊ မ(၁၈၄)ဦးအပြင်ဖြေ ကျား(၅၀)၊ မ(၆၁)ဦး စုစုပေါင်းဖြေဆိုသူ(၄၅၃)ဦး အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် အတွင်းဖြေကျား(၁၆၂)ဦး၊ မ(၂၀၄)ဦး အပြင်ဖြေ ကျား(၆)ဦး စုစုပေါင်းဖြေဆိုသူ(၃၇၂)ဦးဖြေဆိုမည်ဖြစ်ပြီး စာစစ်ဌာန(၂)ခုတွင် ဖြေဆိုသူစုစုပေါင်းဖြေဆိုသူ(၈၂၅)ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသား/သူများစိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)