ချောင်းသာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေ

ချောင်းသာ မတ်  ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ များပါဝင်သော သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးခြင်းကို မတ်လ ၇ ရက် နံနက် ၉ နာရီက မြို့အဆင့်ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က လူစည်ကားရာနေရာများတွင်အခမဲ့ လိုက်လံဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား အမျိုးသားရေးတာဝန် အဖြစ်ခံယူပြီး ပူးပါင်းကူညီပံ့ပိုးကြရန် နှိုးဆော်ခြင်း၊ ပြည်သူ့စစ်မှုထမ်း ဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှု ထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေမှကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကိုကျင့်သုံး ရသော အကြောင်းအရင်း၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည့်အကြောင်း အရာများကို ထည့်သွင်းဖော်ပြထားသည်။

ချောင်းသာမြို့ ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို မှန်ကန်စွာသိရှိစရန်ရည်ရွယ်ပြီး အသိပညာပေး ဟောပြာ ခြင်းများ၊ လူစည်ကားရာနေရာတို့တွင် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ပူးပေါင်း အဖွဲ့များက စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)