သတင်းများ

တနင်္သာရီမြို့နယ် Community Centre အတွင်း နွေရာသီ ပန်းချီအခြေခံ(အခမဲ့)သင်တန်း ဖွင့်လှစ်
Mar 08,2024
နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသူ/သားများ ဗလငါးတန်နှင့် ဘက်စုံဖွံ့ဖြိုးပြီး ဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်၊ ပန်းချီပညာကို အခြေခံပြီး ဖြတ်ထိုးဉာဏ် ရင့်သန်လာစေရန်၊ လူငယ်များအချင်းချင်း အပြန်အလှန် ပေါင်းသင်းဆက်ဆံတတ်စေရန်၊ အစုအဖွဲ့များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကောင်းများ ရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်  တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီပန်းချီအခြေခံ (အခမဲ့) သင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) အတွင်း ယနေ့ နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Mar 08,2024
(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၏ ပင်မဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်အမှတ် အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲ မြန်အောင်တွင်ကျင်းပ
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်အမှတ် အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့ အောင်ဇေယျအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။
ဇီးကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၄၈၈ ဦးဖြေဆိုမည်
Mar 08,2024
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်နေ့မှ စတင်ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(ဇီးကုန်း)နှင့် အခြေခံပညာအထက်တန်းကျောင်း(လေးမျက်နှာ)စာစစ်ဌာနနှစ်ခုတွင် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး အ.ထ.က(မြို့မ)တွင် အရံစာစစ်ဌာနထားရှိမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၄၈၈) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇလွန်​မြို့၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနတို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်
Mar 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၁၁)ခုတို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထူးပြည့်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးချစ်လွင်ထွေးနှင့် တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြသည်။
သုံးခွမြို့နယ်တွင် ကျန်းမာရေးအသိပညာပေးခြင်း အဆင့်မြှင့်တင်ခြင်း (ဆင့်ပွား) သင်တန်းဆင်းပွဲကျင်းပ
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျန်းမာရေးအသိပညာပေးခြင်း အဆင့်မြှင့်တင်ခြင်း (ဆင့်ပွား) သင်တန်းဆင်းပွဲကို မတ်လ ၅ ရက်နေ့ ညနေ ၃ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Mar 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၈နာရီခွဲအချိန်က သရက်ချောင်းမြို၊ မြို့မရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Mar 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများ စာပေမှတစ်ဆင့် အသိပညာဗဟုသုတတိုးပွားရရှိစေရေးရည်ရွယ်၍ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့နံနက်ပိုင်းက  ပန်းပင်ချောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။