သတင်းများ

အိမ်မဲမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် သင်ကြားလျက်ရှိ
Jun 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယနေ့နံနက် ၈ နာရီခွဲတွင် စတင်ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။
မြဝတီမြို့ရှိ အခြေခံကျောင်းများ စတင်ဖွင့်လှစ်
Jun 01,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ အခြေခံကျောင်းများတွင် ယနေ့ ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် ကျောင်းတက်လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 01,2021
ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် တွေ့ဆုံ၍ သာယာဝတီမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 01,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်းများကို ယနေ့ နံနက်မှ စတင်ကာ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ကံမမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား
Jun 01,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် အခြေခံပညာ မူလတန်း အလယ်တန်း အထက် တန်း ကျောင်းများ၌ ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ကျိုင်းတုံမြို့တွင် အခြေခံပညာကျောင်းများကို ပုံမှန်စာသင်နှစ်အတိုင်း ကိုဗစ်(၁၉)ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စတင်ဖွင့်လှစ်
Jun 01,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာကျောင်း များကို ဇွန် ၁ ရက် က ပုံမှန်စာသင်နှစ်အတိုင်း ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စတင်ဖွင့်လှစ်လျက်ရှိကြောင်းသိရသည်။
စစ်တွေခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-19 စည်းကမ်းချက်များနှင့်အညီ စာအုပ် စာစောင်များ ငှားရမ်းပေးလျက်ရှိ
Jun 01,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် ပြည်သူများ စာအုပ်စာပေများ လာရောက်ငှားရမ်းရာတွင် အဆင်ပြေ ချောမွေ့စေရေး ကိုဗစ်-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့ ကျောင်းများစတင်ဖွင့်လှစ်သည့်နေ့တွင် ကသာမြို့ပေါ်ရှိ အခြေခံ ပညာစာသင်ကျောင်းများမှ ကျောင်းသား/သူများ တက်ရောက်ပညာသင်ယူ
Jun 01,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ဇွန်လ(၁)ရက်နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်းများတွင်လည်း နံနက်(၉) နာရီ အချိန်မှစ၍ ကျောင်းသား/သူများ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရ သည်။