သတင်းများ

ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက် ကမ်းနားလမ်းရှိ ကမ်းသာယာ (View Point) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Mar 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကမ်းသာယာ (View Point) ဖွင့်ပွဲအခမ်းအနားအား မတ်လ(၂၂)ရက်နေ့ ညနေ(၅)နာရီအချိန်ခန့်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Mar 24,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ထုတ်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ဝါရုံကုန်းကျေးရွာတွင် ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျုံပျော်မြို့နယ် သောင်ကြီးကျေးရွာအုပ်စုတွင် ပြည့်သူစစ်မှုထမ်းဥပ‌ဒေနှင့်ပတ်သက်၍ ရှင်းလင်းဆွေး‌နွေးပွဲ ပြုလုပ်
Mar 24,2024
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အများပြည်သူ နားလည်မှုမလွဲမှားစေရေးအတွက် စည်ရုံးဟောပြောခြင်း၊ သိသင်သိထိုက်သည့်အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရှင်းလင်းဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဧရာဝတီတိုင်း‌ဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သောင်ကြီးကျေးရွာအုပ်စု၊ ဉာဏဗလ‌ကျောင်းတိုက်ဓမ္မာရုံ၌ မတ်လ (၂၂) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဓာတ်ခွဲနည်းပညာ(မွမ်းမံ-၁/၂၀၂၄)သင်တန်းဆင်းပွဲ ကျင်းပ
Mar 24,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ဇီဝနည်းပညာသုတေသနဦးစီးဌာနတွင် ဓာတ်ခွဲသုတေသနဆောင်ရွက်ရန် နမူနာပစ္စည်းများတိကျစွာ စနစ်တကျကောက်ယူနိုင်စေရန် ရေ၊ မြေ၊ လေထုအရည်အသွေးတိုင်းတာစစ်ဆေးမှုဆိုင်ရာ လက်တွေ့နယ်ပယ်တွင် အတတ်ပညာနှင့်အတွေ့အကြုံများမြှင့်တင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး အားကောင်းစေရန်အတွက်ဖွင့်လှစ်ခဲ့သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဓာတ်ခွဲနည်းပညာသင်တန်း(မွမ်းမံ-၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကျောက်ဆည်မြို့၊ တံစိုးဂိတ်ရပ်ကွက်၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်
Mar 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲအခမ်းအနားအား မတ်လ ၂၂ ရက်နေ့ နံနက် (၁၀)နာရီအချိန်က ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကုလားခတ်-သုံးမြေ့ဆိုင် ကျေးရွာချင်းဆက် ချောင်းကျောက်လမ်း ဖွင့်ပွဲကျင်းပ
Mar 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ကုလားခတ်ကျေးရွာအုပ်စုတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေဖြင့်ဆောင်ရွက်သည့် ကုလားခတ်-သုံးမြေ့ဆိုင် ကျေးရွာချင်းဆက်လမ်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါလမ်းဖွင့်ပွဲ မုဒ်ဦးရှေ့တွင်ပြုလုပ်ခဲ့သည်။
ကလေးဝမြို့တွင် စာအောင်သံဃာတော်နှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားပြုလုပ်
Mar 24,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် စာအောင်သံဃာတော်နှင့် သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ချင်းတွင်းမြစ်သာခန်းမ၌ ပြုလုပ်ခဲ့သည်။
မိုးကောင်းမြို့၌ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အခမ်းအနားကျင်းပ၊ TB သံသယရှိသူများအား အခမဲ့ဓာတ်မှန်ရိုက် ဆေးစစ်ကုသပေး
Mar 24,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World TB Day) အခမ်းအနားနှင့် TB သံသယရှိသူများအား အခမဲ့ဓာတ်မှန်ရိုက်ဆေးစစ်ကုသခြင်းကို မတ်လ(၂၃)ရက် နံနက်(၁၀)နာရီတွင် မိုးကောင်းပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ကျင်းပသည်။