သတင်းများ

တနင်္သာရီမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းလက်ကမ်း စာစောင်များဖြန့်ဝေ
Mar 10,2024
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် အာဏာတည်ခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ မိဘပြည်သူများ သတင်းအမှန်များကို ကောင်းစွာသိရှိကြစေရန်ရည်ရွယ်၍ မြို့နယ်အုပ် ချုပ်ရေးမှူး၏ လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသတင်းစကား လက်ကမ်းစာ စောင်များကို မတ်လ ၉ ရက်နေ့ နံနက်၇နာရီ အချိန် က ပြည်သူလူထုထံ အသိပညာပေး ဖြန့်ဝေပေးကြောင်း သိရသည်။
လဲချားတွင် အားကစားအသိပညာပေး ဟောပြောပွဲ ပြုလုပ်
Mar 10,2024
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြင့်မားလာစေရန်၊ ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ (၂) နာရီအချိန်တွင် လဲချားမြို့နယ် သီရိဟံသာခန်းမတွင် အားကစားအသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
Mar 10,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၏ ၅၀ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား မတ် ၈ရက် နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိုင်းယုမြို့မရပ်ကွက်ရှိ ကြွမ်းတောင်းဘုန်းကြီးကျောင်းအဝင်လမ်း ပေ ၇၀၀ စုပေါင်းလှူဒါန်းမှုဖြင့် ကွန်ကရစ်ခင်း
Mar 10,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့် မြို့မရပ်ကွက်ရှိ ကြွမ်းတောင်းဘုန်းကြီးကျောင်းအဝင်လမ်း ပေ ၇၀၀ ကွန်ကရစ်ခင်းကျင်းခြင်းကို ယနေ့နံနက်ပိုင်းက ကိုယ်ထူကိုယ်ထခင်းကျင်းလျက်ရှိကြသည်။
မိုင်းယောင်းမြို့တွင် တောမီးရှို့ခြင်း၊ ငါးရှော့တိုက်ခြင်းများ မပြုလုပ်ရန် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 10,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တောမီးရှို့ခြင်း၊ ငါးရှော့တိုက်ခြင်းများ မပြုလုပ်ရန် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ဝမ်တပ်အုပ်စု ဝမ်ကျူးကျေးရွာနှင့် ဝမ်ကောင်းအုပ်စု ဝမ်ယွတ်ကျေးရွာတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ ဦးခန္တီဘုရားရှေ့ View Point အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး   
Mar 10,2024
မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း၊ ဦးခန္တီဘုရားရှေ့ View Point အနီးပတ်ဝန်းကျင်၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မတ် ၉ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 10,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အသိပညာပေးခြင်း လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယနေ့ နံနက်ပိုင်း အချိန်က လူစည်ကားရာနေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး
Mar 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မျိုးဆက်သစ်အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်ရန်၊ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် လူငယ်၊ လူရွယ်များအားကစားစိတ်ဓာတ်မြင့်မားပြီး ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်ကာ မတ်လ(၅)ရက်နေ့မှစတင်၍ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း နွေရာသီအခြေခံအားကစားသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။