သာပေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ်လုံခြုံမှုရှိ စေရေးစစ်ဆေး

သာပေါင်း မတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရေး ပူးပေါင်းအဖွဲ့တို့က ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

၂ဝ၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား‌၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာ‌မေးပွဲဖြေဆိုနိုင်ရေးအတွက် မီးဘေးအန္တရာယ် လုံခြုံမှုရှိစေရေး၊ မီးလန့်၊ မီးလောင်မှု မဖြစ်ပေါ်စေရေးတို့အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦး‌မောင်မောင်ဟိန်းမင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုတိယရဲအုပ် စံကြည်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီအရာရှိ ဦးကျော်သူလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးနိုင်လင်းထက်၊ သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် တာဝန်ခံများမှ ကျောင်းဝန်းအတွင်း၊ အပြင် အမှိုက်များ ရှင်းလင်းထားရှိမှု၊ မီးသတ်ဆေးဘူးများထားရှိမှု၊ မီးသတ်ရေကန်နှင့် မီးချိတ်၊ မီးကတ်များ အသင့်ဆောင်ရွက်ထားရှိမှု၊ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ၊ မီးခလုတ်များ ကောင်းမွန်ခြင်း ရှိ/မရှိ တို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း