ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ ကျင်းပ
Apr 12,2024
ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်လေးများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ ဆန်းသစ်တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်နှင့် မြန်မာ့လက်မှုပညာရပ်တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့်ပတ်သက်၍ အမြတ်တနိုး တန်ဖိုးထားတတ်စေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း ဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။