လောင်းလုံးမြို့နယ်၌ မီးဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်191 Sticker များ ကပ်ခြင်းဆောင်ရွက်

လောင်းလုံး ဧပြီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အလွန်ပူပြင်းသောနွေရာသီအချိန်အခါဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်နှင့်အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် (191) Sticker များ ဖြန့်‌‌ဝေ‌ပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က လောင်းလုံးမြို့နယ်၊ ကမြောကင်းတံတား အဝင်အထွက်စစ်‌ဆေးရေးဂိတ်နှင့် လူစည်းကားရာ မြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို လောင်းလုံးမြို့နယ် မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမျိုးဇော်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့်အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန် သဘာဝ‌ဘေးအန္တရာယ်တစ်ခုခုဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ရန် အရေးပေါ်ဖုန်းနံပါတ်၊ 191 ပါရှိသည့် Sticker များနှင့် မီး‌ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)