မော်လိုက်မြို့၌ ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးသင်တန်းအား သွားရောက်ကြည့်ရှုအားပေး

မော်လိုက် ဧပြီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ၂၀၂၄ ခုနှစ် ခြေခံစာတတ်မြောက်ရေးသင်တန်းကို ဧပြီလ ၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသင်ကြားနေမှုအား  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဝဏ္ဏထွန်းတို့က ဧပြီလ ၁၁ ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်က အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လေးကြောင်းမျဉ်းစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခြေခံပညာစာတတ်မြောက်ရေးလုပ်ငန်းများကို မော်လိုက်မြို့နယ် ကျေးရွာအုပ်စု ၂ စုရှိရာ စာသင်ဝိုင်း ၃ ဝိုင်းတို့တွင် နည်းပြ ၇ ဦး၊ ကြီးကြပ် ၂ ဦးနှင့် သင်တန်းသား/သင်တန်းသူ ၄၁ ဦး သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)