သတင်းများ

ပလောက်မြို့တွင် မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကာ (191) စတစ်ကာကပ်ခြင်းများ ဆောင်ရွက်
Apr 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် မြို့မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေကာ (191) စတစ်ကာများကပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့အတွင်းရှိ လူစည်းကားသောနေရာများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး(အရှေ့ခြမ်း)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Apr 11,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် Community Centre ၌ Bow ပြုလုပ်နည်း၊ Keychains ပြုလုပ်နည်း သင်တန်းများ ဖွင့်လှစ်
Apr 11,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် Bow ပြုလုပ်နည်း၊ Keychains ပြုလုပ်နည်းသင်တန်းများကို ယမန်နေ့နှင့် ယနေ့ နှစ်ရက်တိုင်တိုင် ပုဗ္ဗသီရိမြို့နယ် Community Centre ၌ ကျင်းပခဲ့သည်။
ပေါင်းတည်၌ နွေစပါးစိုက်ပျိုးထားရှိမှုများ အောင်မြင်ဖြစ်ထွန်း
Apr 11,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီပွားမြှင့်တင်ရန်ပုံငွေဖြင့် စိုက်ပျိုးထားသော နွေစပါးများကို ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ သက်တမ်း ၂ လကျော်နေပြီဖြစ်သော နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အသိပညာပေးလက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်နှင့် 191 စတစ်ကာများ ဖြန့်ဝေ
Apr 11,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှကြီးမှူး၍ ပြည်သူများအားမီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့်သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်နှင့် 191 စတစ်ကာများကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Apr 11,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွှေနံ့သာရပ်ကွက်၊ ဇလောင်းကျေးရွာနှင့် အောင်ချမ်းသာကျေးရွာများရှိ စက်ရုံ၊ အလုပ်ရုံများ၌ ဆောင်ရွက်ခဲ့သည်။
ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဆုပေးပွဲအခမ်းအနားကျင်းပ
Apr 11,2024
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့၌ စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို
Apr 11,2024
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ယမန်နေ့၊ နံနက်ပိုင်းက စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညိုခဲ့သည်။