သတင်းများ

လူထုအခြေပြုဗဟိုဌာန ဆွမ္မရာမြို့၌ စကားပုံဆက်ပြိုင်ပွဲပြုလုပ်
Apr 12,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လစဉ်ပြိုင်ပွဲများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက ကလေးများ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ကာယဉာဏ်ဏဖွံ့စေရန် စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်၌ မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Apr 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မီးခိုးမြူငွေ့ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့ချရေးနှင့် တောမီးလောင်ကျွမ်းမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း၍ မယ်နင်ကျေးရွာအုပ်စုတွင် ဒုတိယအကြိမ် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ဝါးထရံ ယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ငွေ ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိ
Apr 12,2024
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဝါးထရံ တစ်ပိုင်တစ်နိုင် ယက်လုပ်ရောင်းချသူများ နေ့စဉ်ဝင်ငွေ ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဝါးထရံယက် လုပ်ရောင်းချများထံမှ သိရသည်။
ကျောက်တလုံးကြီးမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Apr 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ပြည်သူများ အသိပညာဗဟုသုတရရှိပြီး စာဖတ်သောအလေ့အကျင့်ကောင်းများ ရင့်သန်လာစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့် အစမ်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး
Apr 12,2024
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊  တန်ခူးလဆန်း ၃ ရက်၊  ခရစ်နှစ် ၂၀၂၄ ခုနှစ် ယမန်နေ့ ညနေပိုင်းတွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့် မန္တလေး မြို့တော်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနား ဝတ်စုံပြည့် အစမ်းလေ့ကျင့်ခြင်းကို ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း၊ ၇၁ လမ်းနှင့် ၇၂ လမ်းကြားရှိ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ရှေ့တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ငလိုက်ချောင်းကူးတံတား ရေကျော်နေရာများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်
Apr 12,2024
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများ သင်္ကြန်ရက်များနှင့် နွေရာသီရက်များတွင် အပန်းဖြေအနားယူနိုင်ရန် ငလိုက်ဆည်အနီး ငလိုက်ချောင်းကူးတံတား ရေကျော်နေရာများအား ဧပြီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 12,2024
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သံတွဲမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
တောင်ကြီးမြို့တွင် ပြည်နယ်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေးဦးစီးကော်မတီအစည်းအဝေး ကျင်းပ
Apr 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ပြည်နယ်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့် စက်ရုံ/အလုပ်ရုံများ ဖော်ဆောင်ရေးဦးစီးကော်မတီအစည်းအဝေးကို ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။