သတင်းများ

ပုံပါကျင်မြို့၊ အမှတ် (၂) ရပ်ကွက်အတွင်းရှိ စာဖတ်ပရိတ်သတ်များထံသို့ လက်၀ယ်အရောက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ပေး
Apr 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီက အမှတ် (၂) ရပ်ကွက်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် မဟာသင်္ကြန်ပွဲတော်အတွက် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ ကြိုတင်ပြင်ဆင်
Apr 11,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ပျော်ရွှင်စွာရေကစားနိုင်ရေးအတွက် ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့၌ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဆောက်လုပ်ပြင်ဆင်နေမှု ကြည့်ရှုစစ်ဆေး
Apr 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမျူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများသည် ယမန်နေ့က မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဆောက်လုပ်ပြင်ဆင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ဒုတိယအကြိမ် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Apr 11,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်းကို ယနေ့ နံနက် (၈) နာရီက သရက်မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားကို နမောတဿ (သုံးကြိမ်) ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့သည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
Apr 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀:၀၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့စည်ပင်သာယာရေးဈေးအတွင်း ကိုယ့်အားကိုယ်ကိုးဈေးလျှောက်လမ်းအမိုး တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 11,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့မဈေးအတွင်း ကိုယ့်အားကိုယ်ကိုးဈေးလျှောက်လမ်းအမိုး တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ ဝိနယဝိဒူ ဘွဲ့တံဆိပ်​တော်ရ အရှင်သုကုမာရအား ​ဂုဏ်ပြုကြိုဆိုပူ​ဇော်
Apr 11,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် ဝိနယဝိဒူဘွဲ့တံဆိပ်​တော်ရ အရှင်သုကုမာရအား ဧပြီလ ၁၀ရက် ၊ ည​နေ ၄နာရီခွဲခန့်က သံဃာ​တော်များ၊ ဌာနဆိုင်ရာများ၊ ​ဒေသခံပြည်သူများ၊ ဒါယကာ၊ ဒါယိကာမများ၊ လူမှူ​ရေးအသင်းအဖွဲ့များက နားမွန်း​ကျေးရွာအနီး မြို့အဝင်၌ သွား​ရောက်ဂုဏ်ပြုကြိုဆိုခဲ့ကြ​ကြောင်း သိရသည်။
နတ်မောက်မြို့ လူထုအခြေပြဗဟိုဌာန ( Community Centre) ခန်းမ၌ ပုံပြောပြိုင်ပွဲကျင်းပ
Apr 11,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club ပူးပေါင်း၍ ပုံပြောပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့သည်။