ကန့်ဘလူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ထပ်ဆင့်ရှင်းလင်းဆွေးနွေး

ကန့်ဘလူ ဧပြီ ၁၂

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဒုတိယအကြိမ် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ဧပြီ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမောင်ဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်များ၊ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်၊ လျော့ပေါ့ခွင့်နှင့် ရွှေ့ဆိုင်းခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဥ်း၍ မဟုတ်မမှန်ဝါဒ ဖြန့်ချိမှုများကြောင့် ပြည်သူများ ထင်ယောင်ထင်းမှား မဖြစ်စေရန်အတွက် သိရှိလိုသည်များ စုံစမ်းမေးမြန်းနိုင်ကြောင်းများကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ စုစုပေါင်း ၂၉၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)