မိုးညိုမြို့နယ် စည်ပင်သာယာဈေးအတွင်း မီးဘေးလုံခြုံစေရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
Apr 10,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာဈေးအတွင်း မီးဘေးလုံခြုံစေရေး ဆောင်ရွက်ထားရှိမှုများအား သာယာဝတီခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိမ်းထွန်း၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသိန်းသန်းစိုး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ဇော်၊ မြို့နယ်လျှပ်စစ်မှူး ဦးဟန်ဆွေနှင့်တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ဈေးအတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။