နမ့်စန်မြို့နယ်တွင် ကျေးရွာမြေငှားဂရန်ချပေးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 11,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျေးရွာမြေငှားဂရန်ချပေးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ညနေ ၃ နာရီက မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်မော်ခေါက်ဆင့်ကျေးရွာတွင် မြို့နယ်မှတာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။