သတင်းများ

ပွင့်ဖြူမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းပြီး အာရုဏ်ဆွမ်းလောင်းလှူပွဲ ကျင်းပ
Apr 10,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းကျင်းပပြုလုပ်သည့် အာရုဏ်ဆွမ်းလောင်းလှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အိမ်မဲမြိုနယ် ပြည်သူ့ကျန်းမာရေးဦးဌာနများတွင် ကိုဗစ်ကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံနေမှုများအား တာဝန်ရှိသူများက လာရောက်ကြည့်ရှုစစ်ဆေး
Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံများတွင် ကိုဗစ်ကာကွယ်ဆေးများကို ယမန်နေ့က ထိုးနှံပေးလျက်ရှိရာ ထိုးနှံပေးနေမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်
Apr 10,2024
မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀  နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် အခြေခံလေကြောင်းလူငယ်သင်တန်း အောင်မြင်စွာဖွင့်လှစ်နိုင်ရေးနှင့် ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲသို့ တက်ရောက်
Apr 10,2024
ကချင်ပြည်နယ် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တွင် ကျောင်းသားလူငယ်များအတွက် ဖွင့်လှစ်သင်ကြားပို့ချသွားမည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်(၁/၂၀၂၄) အောင်မြင်စွာ ဖွင့်လှစ် ပို့ချနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် (၈)နာရီခွဲအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
ဝင်ငွေရ ရှေးဦးပြုစုခြင်းသင်တန်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ
Apr 10,2024
မြန်မာနိုင်ငံကြက်ခြေနီအသင်းရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းကျင်းပသည့် ဝင်ငွေရရှေးဦးပြုစုခြင်း သင်တန်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Central Hotel တွင် ကျင်းပခဲ့သည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Apr 10,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club ၊ Woman Club နှင့် Youth Club တို့ ပူးပေါင်း၍ "ကြောင်တစ်ကောင်ရဲ့ဒိုင်ယာရီ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လည် ၁ နာရီက ကျင်းပသည်။
ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရေးသားနည်း (အခြေခံ) သင်တန်းဖွင့်လှစ်
Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကဗျာရေးသားနည်း (အခြေခံ) သင်တန်းကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားခဲ့သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ် တည်‌ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး
Apr 10,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေအတွက် ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ် တည်‌ဆောက်နေမှုများကို ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက မြို့နယ်အတွင်း လှည့်လည်ကြည့်ရှုစစ်‌ဆေးခဲ့သည်။