သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club /Youth Club များက စာဖတ်ဝိုင်းပြုလုပ်
Apr 12,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာဦးဘုန်း(ဓါတု)၏တွင်းအတွေးစကားစာအုပ်အား ယနေ့နံနက် (၁၀) နာရီအချိန်က သံတောင်ကြီးမြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။