သတင်းများ

ဂုဏဝိသိဋ္ဌပူဇာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ပညာဓမ္မဗိမာန်)တော်ဖွင့်ပွဲ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
May 07,2024
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တော် ဆက်ကပ်လှူဒါန်းခဲ့သည့် နိုင်ငံတော်ဩဝါဒါစရိယ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဿုတ အရှင်သူမြတ်အား ဂုဏဝိသိဋ္ဌပူဇာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ပညာဓမ္မဗိမာန်) ဖွင့်ပွဲ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို မေလ ၅ ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်ဝန်းအတွင်းရှိ အဆိုပါ ကျောင်းရှေ့တွင်ကျင်းပခဲ့သည်။
ဒေးဒရဲမြို့ နယ်၌ ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် (Biometric Data) များ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ
May 07,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန့်နေ့ မွန်းလွဲပိုင်းက ရှမ်းကန်ကျေးရွာအုပ်စုသို့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ / တိုက်ကျွေးရေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
May 07,2024
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကို မေလ ၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ကာကွယ်ဆေးထိုးနှံမည့် ကလေးများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။
မိုင်းရယ်-သီပေါကြားရှိ ကျောက်စီကမ်းကပ်ခုံသံကူကွန်ကရစ် ကြမ်းခင်းနိမ့်ကျမှုဖြစ်ပွား
May 07,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပန်ညု-ဆောင်ကြဲ-မိုင်းရယ်-သီပေါလမ်းပိုင်း၊ မိုင်းရယ်မြို့နယ်ပြင်ပ သီပေါနယ်မြေအတွင်း မိုင်းရယ်လမ်းဦးစီးဌာနမှ ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရသည့် လမ်းမိုင် ၃၀/၂-၃ကြား၊ တံတားအမှတ် ၁/၃၁၊ (အနံ ၅ ပေ၊ အလျား ၂၄ ပေ)အကျယ်ရှိ ကျောက်စီကမ်းကပ်ခုံသံကူကွန်ကရစ် Box-culvert ကြမ်းခင်းနိမ့်ကျမှုဖြစ်စဉ် ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံကိုရီးယားဘာသာစကားသင်တန်း (အခမဲ့) ဖွင့်လှစ်
May 07,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံကိုရီးယားဘာသာစကား‌ သင်တန်းဖွင့်ပွဲ အခန်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်ကျင်းပခဲ့သည်။
မိုင်းယန်းမြို့၌ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကျင်းပ
May 07,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားတက်ရောက်
May 07,2024
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များတက်ရောက်ခဲ့ကြသည်။
ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
May 07,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။