ယင်းမာပင် ဧပြီ ၁၂
ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သာယာအေးခန်းမ၌ ယမန်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း သိရ သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးဝေအောင်နှင့် အတွင်းရေးမှူး ရဲမှူး မြင့်ဇော်ဦး တို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ကိစ္စရပ်များကို Power Point များဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးဝေအောင်နှင့် အတွင်းရေးမှူး ရဲမှူး မြင့်ဇော်ဦးတို့က ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ရပ်/ကျေးစာရေးများနှင့် မိသားစုဝင် ပြည်သူများ တက်ရောက်ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)