ငပုဝောာ ဧပြီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က စီမံကိန်းတာဝန် ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားရာတွင် ယခင်နှစ်များ၏ အားနည်ချက်များ၊ အတွေ့အကြုံများကို နမူနာယူပြီး ယခုနှစ်အတွက် ဒေသန္တရစီမံကိန်များကို ရည်မှန်းချက်အောင်မြင်အောင် အချိန်ကိုက်ပြီးစီးအောင် ရည်မှန်းချက် ပြည့်မီကျော်လွန်ရေးနှင့် စိုက်ပျိုးလုပ်ငန်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ရန်လိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်
ထို့နောက် ငပုတောအတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ရပ်ကွက်ကျေးရွာများအား စီမံကိန်းတာဝန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)