ကရသူရိမြို့၌ ကလေးငယ်များ ဉာဏ်ရည်/ ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်ရေး ဂိမ်းပြိုင်ပွဲများ ကျင်းပ

ကရသူရိ ဧပြီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များ ဉာဏ်ရည်/ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်ရေး ဂိမ်းပြိုင်ပွဲများကျင်းပခြင်းကို ယမန်နေ့ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား/ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် စာကြည့်တိုက်သို့လာရောက်၍ စာအုပ်/စာ‌စောင်များဖတ်ရှုခြင်း၊ ပြိုင်ပွဲများပြုလုပ်ခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းဖြင့် ဉာဏ်ရည်/ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်၍ ထူးချွန်ထက်မြက်သည့် ကလေးများ ပေါ်ထွန်းစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာအဆိုပါဆောင်ရွက်ရာ၌ ကလေးများ အကြိုက် (Chess)ထိုးကစားခြင်း၊ အင်္ဂလိပ်အက္ခရာဆက်ခြင်း၊ ဘောလုံးဆက်ခြင်းနှင့်  အိမ်ဆောက်ခြင်းတို့ကို ပျော်ရွှင်စွာယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)