ဘုတ်ပြင်း ဧပြီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့နံနက်က ပူးပေါင်းအဖွဲ့များက မြို့နယ်ပေါ်ရပ်ကွက်များ၊ မြို့မဈေးလမ်းဆုံနှင့်မြို့အဝင်အထွက်ဂိတ်တို့က မီးဘေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ 191 Sticker များ ကပ်ခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဒု-မီးသတ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာများ၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက မြို့အဝင်အထွက်ဂိတ်နှင့် မြို့ပေါ်ရပ်ကွက်များတွင် ခရီးသွားလာနေသူများ၊ ဒေသခံပြည်သူများအား မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေးလုံခြုံရေးပညာပေးစာစောင်များဖြန့်ဝေခြင်း၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကားများတွင် မီးသတ်ဦးစီးဌာနသို့ အရေးပေါ်ဆက်သွယ်နိုင်သည့် 191 စာသားပါ Sticker ကပ်ခြင်းကို ပူးပေါင်းအဖွဲ့များက အသိပညာပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)