သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club /Youth Club များက စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး  ဧပြီ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိစေရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာဦးဘုန်း(ဓါတု)၏တွင်းအတွေးစကားစာအုပ်အား ယနေ့နံနက် ၁၀ နာရီအချိန်က သံတောင်ကြီးမြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်ယွာအယ် (Book Club) အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင်ခေါင်းစဉ်ငယ်များဖြစ်သည့် ရက်လည်ဆွမ်း၊ မန်ကျည်စေ့ကလေးများ၊ ဦးဘုန်း(ဓာတု)မှာ မိန်းမသုံးယောက်ရှိပါသည် စသည့်ခေါင်းစဉ်ငယ်များအား ဖတ်ကြားဆွေးနွေး ခဲ့ပါသည်။

ဆက်လက်ပြီး  နော်ဖူးဖူး(Youth  Club) အဖွဲ့ဝင်က လောဘသေတ္တာ၊ ဒူးရင်းသီးပုံပြင်၊ ရှားပါးဓါတ်ပုံ၊ သားသမီးပုခုံးထက်က၊ မုန်လာဉ နှင့် ကြက်ဉ စသည့် အကြောင်းအရာများဖတ်ကြားဆွေေးနွေးပြီး တက်ရောက်လာသော (Book Club /Youth  Club ) အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများအား အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)