ကရသူရိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် (191) စတေကာများကပ်ခြင်း ဆောင်ရွက်

ကရသူရိ ဧပြီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌  ရာသီဥတုပူပြင်းလာသည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် (191) စတေကာများ ကပ်ခြင်းကို ယမန်နေ့နံနက် ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို ကရသူရိမြို့ နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ဖြိုးနှင့် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ  လူစည်ကားရာ နေရာများ၊ ခရီးသွား/လာပြည်သူများအား မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေးလုံခြုံ ရေး ပညာပေးလက်ကမ်းစာစောင်များအားဖြန့်ဝေခြင်း၊ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များတွင် မီးသတ်ဦးစီးဌာနသို့ အ‌ရေးပေါ်ဆက်သွယ်နိုင်သည့် (191) စာသားပါ စတေကာများ ကပ်ခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ခြင်းသည် အပူချိန်မြင့်မားလာသည့်အတွက် ပြည်သူများ မီး‌ဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်အသိပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)