သတင်းများ

မင်းလှမြို့နယ်တွင် မျိုးစက်ပွားကျန်းမာရေးဆိုင်ရာများနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဆွေးနွေး
Apr 12,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဌာနတို့ပူးပေါင်း၍ မျိုးစက်ပွားကျန်းမာရေးနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးများသုံးစွဲခြင်း၏ ဘေးအန္တရာယ်များအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက တောင်ရပ်ကွက်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တံခါးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ
Apr 12,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာရေးဆရာရန်ကုန်ဘဆွေရေးသားသည့် “မြန်မာပြည်သား” စာအုပ်အား Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ယင်းမာပင်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Apr 12,2024
ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သာယာအေးခန်းမ၌ ယမန်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း သိရ သည်။
လောင်းလုံးမြို့နယ်၌ မီးဘေးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့်191 Sticker များ ကပ်ခြင်းဆောင်ရွက်
Apr 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အလွန်ပူပြင်းသောနွေရာသီအချိန်အခါဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်နှင့်အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် (191) Sticker များ ဖြန့်‌‌ဝေ‌ပေးခြင်းကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က လောင်းလုံးမြို့နယ်၊ ကမြောကင်းတံတား အဝင်အထွက်စစ်‌ဆေးရေးဂိတ်နှင့် လူစည်းကားရာ မြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ထပ်ဆင့်ရှင်းလင်းဆွေးနွေး
Apr 12,2024
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဒုတိယအကြိမ် ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ဧပြီ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ကန့်ဘလူမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မော်လိုက်မြို့၌ ၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးသင်တန်းအား သွားရောက်ကြည့်ရှုအားပေး
Apr 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ၂၀၂၄ ခုနှစ် ခြေခံစာတတ်မြောက်ရေးသင်တန်းကို ဧပြီလ ၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသင်ကြားနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းတို့က ဧပြီလ ၁၁ ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်က အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လေးကြောင်းမျဉ်းစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ညောင်လေးပင်မြို့တွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ရန် မဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ် ဆောက်လုပ်
Apr 12,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ နေ့အထိ ကျင်းပမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဗဟိုရေကစားမဏ္ဍပ် ဆောက်လုပ်ခြင်းလုပ်ငန်းကို မဏ္ဍပ်ဆောက်လုပ်ရေးအဖွဲ့များက သတ်မှတ်နေရာတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Apr 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ပန်းခင်းစီမံချက် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့ နံနက်(၉)နာရီအချိန်က ဟင်္သာတမြို့နယ်၊ ပြာကတက်ကျေးရွာအုပ်စု၊ ပြာကတက်ရွာ၊ ပြာကတက်ဘုန်းကြီးကျောင်းရှိ တန်းဆောင်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။